စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ် ပင်းမ-ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာ လမ်းပေါ်တွင် တည်ဆောက်လျက်ရှိတဲ့ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ (၉၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ်လို့သိရပါတယ်။ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)မှကြီးမှူးပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က စတင်တည်ဆောက်ခဲ့ရာ လက်ရှိအချိန်အထိ တည်ဆောက်နေမှုလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်တာလည်းဖြစ်ပါတယ်။လက်ရှိတွင် ဒေသခံပြည်သူများအနေဖြင့် ထမံသီရွာနှင့် ပင်းမရွာကို ကူးတို့ဖြင့် ကူးသန်းသွားလာနေရပြီး မော်တော် ယာဉ်များလည်း ဇက်ရေယာဉ်ဖြင့် ကူးဖြတ်သွားလာရနေတယ်လို့သိရပါတယ်။



