ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ သောက်ရေကန်ကြီးပသပူဇော်ပွဲမှာ ကြက်အရှင်အစိမ်းစားပြတဲ့ နတ်ကတော်ဖြစ်သူ အောင်ကိုမင်းဆိုသူနဲ့ ပွဲစီစဉ်သူတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ လစီအသီးသီးများချမှတ်လိုက်ကြောင်း သိရပါတယ်။အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြားသူများလည်းရှိပြီး ပူဇော်ကပြခဲ့တဲ့ ဒေဝါပညာရှင်ဖြစ်သူ အောင်ကိုမင်းကို ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ(ဗဟို)မှ ကျက်သရေအဖြာဖြာနှင့်ပြည့်စုံသော ဒေဝတာ နတ်မင်းအပေါင်းတို့၏ရှေ့၌ ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်အတိဖြစ်ပြီး နတ်မင်းအပေါင်းကို ပူဇော်ပသ ရိုသေကြသည့် (၇) ရက်သားသမီးများမှလည်း အထင်အမြင်လွဲမှားစေသည့် စက်ဆုတ်ရွံရှာဖွယ် အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း ယင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။



