မွန်ပြည်နယ် မြို့နယ်အများစုတွင် မိုးဦးကျကာလအတွင်း ရာသီဥတုအပြောင်းအလဲကြောင့် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်(အဆင့် ၄ )အထိ ဖြစ်ပွားနေကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က သိရသည်။လက်ရှိ မိုးဦးကျကာလဖြစ်သည့် မေလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ပြင်ထန်းအဆင့်ဖြစ်ပွားမှုကြောင့် ဆေးရုံးတက် ကုသမှုခံခဲ့ရသည့်လူနာ ၂၀ ဦးထက်မနည်းရှိနေပြီး၊ အသက် ၁၅ နှစ်အောက်ဝန်းကျင်ကလေးငယ်များ အထူးဂရုစိုက်ရန်လိုအပ်သည်ဟု ချောင်းဆုံမြို့နယ် ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။



