တရုတ်နိုင်ငံဘက်က ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ပါက ကြွေးကျန်ရှိမရှိ မေးမြန်းခံရပြီး အကြွေးမရှိမှ ပြန်ခွင့်ပြုတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။ တရုတ်ရဲတွေက စက်ရုံလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ထားပြီး ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေ ကြွေး ကျန်ရှိနေရင် အကြွေးဆပ်ပြီးမှ ပြန်လွှတ်ပေးတယ်လို့ မြန်မာ လုပ်သားတဦးက ပြောပါတယ်။မြန်မာ-တရုတ်နယ်စပ်မှာ အခုရက်ပိုင်းအတွင်း အထောက်အထား မပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးများပြီး မူဆယ်ဘက်အခြမ်းကို ကားတွေနဲ့ ပြန်ပို့ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။



