ယခုလာမည့် မေလ ၃၁ ရက်နေ့တွင် တေးစီးရီး အယ်လ်ဘမ်အသစ်ကို ချစ်ရသည့် ပရိတ်သတ်များအတွက် ထွက်လာဖို့ ရှိကြောင်း အဆိုတော် နီနီခင်ဇော်က မီဒီယာများနှင့် တွေ့ရာ၌ ပြောကြားသည်။အဆိုပါ တေးစီးရီး အယ်လ်ဘမ်သစ်တွင် သီချင်း ၁၀ ပုဒ်ပါဝင်မည်ဖြစ်ပြီး အလွမ်းအဆွေး သီချင်းများ၊ ခွန် အားဖြည့်ပေးသည့် သီချင်းများ၊ ကိုယ်တိုင်ကြုံတွေခဲ့သည့် အကြောင်းအရာသီချင်းများစသဖြင့် ပရိသတ် ကြိုက် နှစ်သက်သည့် သီချင်းများလည်း ထည့်သွင်းသီဆိုထားသည်။ထိုပွဲကို မေ ၃၁ ရက်၊ ညနေ ၃ နာရီခွဲအချိန့်ခန့်တွင် Time City Jewellery Mall Indoor ၌ ပြုလုပ်သွား မည်ဖြစ်ပြီး ပရိတ်သတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာ ထည့်သွင်းပေးထားပြီး မကြာသေး မီကလည်း ငလျင်ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲတွင် ပါဝင်သီဆို ဖျော်ဖြေပေးခဲ့ပြီး သမီးလေးနှင့်အတူ ငလျင် အတွက် လှူဒါန်းမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။



