back

ပြည်တွင်း၌ဧပြီလ တစ်လအတွင်း မြို့နယ်စုစုပေါင်း (၁၃၈) မြို့နယ် ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ

May 15 • 8:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ဧပြီလ တစ်လအတွင်း မြို့နယ်စုစုပေါင်း (၁၃၈) မြို့နယ် ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ

၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ် စုစုပေါင်း ၁၃၈ မြို့နယ် ရှိပါတယ်။အသံအဖွဲ့က ကောက်ယူထားတဲ့အချက်အလက်တွေအရ ပြည်တွင်းရ...

၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ် စုစုပေါင်း ၁၃၈ မြို့နယ် ရှိပါတယ်။အသံအဖွဲ့က ကောက်ယူထားတဲ့အချက်အလက်တွေအရ ပြည်တွင်းရှိ ပြည်နယ် ၅ ခုတွင် ဖုန်းနဲ့ အင်တာ နက်လိုင်းတွေ ပြတ်တောက်နေကြောင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း အင်အား‌ပြင်းငလျင် လှုပ် ခတ်ခဲ့တဲ့အတွက် ဝိုင်ဖိုင်ကလွဲပြီး ကျန်ဆက်သွယ်ရေးလိုင်းတွေ တစ်တိုင်းလုံးနီးပါး အတိုင်းအတာနဲ့ ပြတ် တောက်နေတာ ဖြစ်တယ်လို့ အသံအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဧပြီလအတွင်း ဖုန်း နဲ့ အင်တာနက်လိုင်း ပြန်လည်ရရှိမှုအခြေအနေအနေနဲ့ ပြီးခဲ့တဲ့ (၇)လ ကျော်မှ အင်တာနက်၊ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဧပြီလ၊ ၁၉ ရက်နေ့၊ နေ့လည် (၂)နာရီခွဲဝန်းကျင်မှစပြီး အက်တမ်ဖုန်းလိုင်းတွေ ပြန်လည်ချိတ်ဆက်အသုံးပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။




news-view-count-icon

19