back

International Data Corporation မှ ထုတ်ပြန်သည့် (IDC) Worldwide Quarterly Mobile Phone Tracker အစီရင်ခံစာအရ အိန္ဒိယစမတ်ဖုန်းဈေးကွက်ခြေနေ

May 15 • 8:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

International Data Corporation မှ ထုတ်ပြန်သည့် (IDC) Worldwide Quarterly Mobile Phone Tracker အစီရင်ခံစာအရ အိန္ဒိယစမတ်ဖုန်းဈေးကွက်ခြေနေ

International Data Corporation မှ ထုတ်ပြန်သည့် (IDC) Worldwide Quarterly Mobile Phone Tracker အစီရင်ခံစာအရ အိန္ဒိယစမတ်ဖုန်းဈေးကွက်တွင် ၂၀၂၅ ပထမ၃လပတ်၌ ဈေးကွက်ထဲသ...

International Data Corporation မှ ထုတ်ပြန်သည့် (IDC) Worldwide Quarterly Mobile Phone Tracker အစီရင်ခံစာအရ အိန္ဒိယစမတ်ဖုန်းဈေးကွက်တွင် ၂၀၂၅ ပထမ၃လပတ်၌ ဈေးကွက်ထဲသို့ စမတ်ဖုန်းအလုံးရေ ၃၂ သန်း ပေးပို့ခဲ့သည်။ ယမန်နှစ်ထက် ၅.၅% လျော့ကျသည်။ ယမန်နှစ်ကထက် လျော့ကျသည်မှာ ၃ လပတ် ၂ ခု ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ဖုန်းသုံးစွဲသူများ ဝယ်လိုအား လျော့ကျခြင်းအပြင် ယခင် ၃ လပတ်မှ မရောင်းရသေးသည့် လက်ကျန်ဖုန်းများ ပိုလျှံနေခြင်းကြောင့် ‌ဈေးကွက်ထံသို့ စမတ်ဖုန်းများ ပေးပို့မှု လျော့ကျခဲ့သည်။ထိပ်တန်း အမှတ်တံဆိပ် ၅ ခုတွင် Apple သည် ရောင်းအား ကြီးထွားနှုန်း အများဆုံးဖြစ်ခဲ့ပြီး ၂၃% ကြီးထွားခဲ့သည်။ ဈေးကွက်ထဲသို့ အလုံးရေ ၃ သန်း ပေးပို့ခဲ့သည်။ iPhone 16 ကို အများဆုံး ပေးပို့ခဲ့သည်။အိန္ဒိယဈေးကွက်ထဲ ပေးပို့သည့် စမတ်ဖုန်းများ အားလုံး၏ ၄% သည် iPhone16 မော်ဒယ်များ ဖြစ်သည်။

news-view-count-icon

13