စင်ကာပူ ချန်ဂီလေဆိပ်၏ ပဉ္စမမြောက် တာမင်နယ် Terminal 5 T5 ဆောက်လုပ်ရန် ဗုဒ္ဓဟူးနေ့ (မေ ၁၄)တွင် ပန္နက်ချသည်။၂၀၃၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် လျာထားသည်။T5 သည် တနှစ်လျှင် ခရီးသည် သန်း ၅၀ အထိ အသုံးပြုနိုင်မည်။ချန်ဂီလေဆိပ် ကိုင်တွယ်ပေးနိုင်သည့် ခရီးသည် ၅၅% တိုးမည်ဖြစ်ပြီး တနှစ်လျှင် သန်း ၁၄၀ ကျော်အထိ ကိုင်တွယ်ပေးနိုင်မည်။ချန်ဂီလေဆိပ်သည် လက်ရှိတွင် ခရီးသည် သန်း ၉၀ အထိ ကိုင်တွယ်ပေးနိုင်သည်။စီမံကိန်းဧရိယာ ၁၀.၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ လိုအပ်လာပါက တာမင်နယ်အပွားများ ထပ်တိုးတည်ဆောက်ပေးနိုင်မည်။ T5 လုပ်ငန်းစတင်လည်ပတ်သည့်အခါ ချန်ဂီလေဆိပ်သည် ကမ္ဘာတလွှားမှ မြို့ကြီး ၂၀၀ ကျော်နှင့် ခရီးစဉ်များ ပျံသန်းမည် ဖြစ်သည်။ လက်ရှိတွင် မြို့ကြီး ၁၇၀ နှင့် ခရီးစဉ်များ ပျံသန်းလျက် ရှိသည်။
May 15 • 4:42 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


