မေလ ၁၄ ရက် နေ့လည် ၂ နာရီခန့်တွင်နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ပျက်၍ရပ်ထား သည့်တွဲကားကို ဆိုင်ကယ်မှတိုက်မိရာ မောင်းသူအမျိုးသားသေဆုံးပြီး ၎င်း၏အမျိုးသမီးမှာပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ခေတ်အေး ကျေး ရွာ၊ နီလာရိုးမစက်သုံးဆီဆိုင်အနီးတွင် ပျက်၍ရပ်ထားသည့် တွဲယာဉ်ကို ဆိုင်ကယ်မှအရှိန်လွန်၍ ထိုယာဉ်နော က်မှ တိုက်မိရာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ အခင်းနေရာတွင်သေဆုံးကြောင်း ဖြစ်စဉ်နေရာသို့ ကရုဏာရှင်လူမှူကူညီ ရေးပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ရပါတယ်။အဆိုပါဆိုင်ကယ်မောင်းသည့် အမျိုးသားမှာ အသက်(၅၀) အရွယ်ရှိပြီး ထိုရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ပါတယ်။


