ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့အနီး၌ ယနေ့ မေ ၁၅ ရက် မနက် ၈ နာရီ ၄၂ မိနစ် မြန်မာစံတော်ချိန်တွင် မဂ္ဂနီကျု ၃.၀ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ရှားခဲ့သည်။ ၎င်းငလျင်သည် တောင်ငူမြို့မှ မြောက်ဘက် ၂၃ မိုင်ခန့်၊ ရေတာရှည်မြို့မြောက်ဘက် ၇ မိုင်ကျော်အကွာ၊ ကညင်အိုင်ကျေးရွာကို ဗဟိုပြုပြီး မြေအောက် ၆ မိုင်ကျော်အနက်မှ ဖြစ်ပေါ်သည်။ဤမြေငလျင်သည် ယခင်ဖြစ်ပွားခဲ့သည့် ငလျင်ကြီး၏ နောက်ဆက်တွဲလှုပ်ရှားမှုတစ်ရပ်အဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လူထိခိုက်မှုမရှိကြောင်း သတင်းရရှိထားပါသည်။
3 | 0 | 0 | 0 |