မလေးရှားနိုင်ငံတွင် အစိုးရမှ စိုက်ထုတ်ကျခံပြီး ရောင်းချပေးသည့် ပြည်ပမှတင်သွင်းသော ဆန်ဈေးနှုန်းကို တစ်တန်လျှင် ရင်းဂစ် ၂,၈၀၀ မှ ၂,၆၀၀ သို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ကြေညာခဲ့သည်။ ယခုဈေးနှုန်းအသစ်သည် မေလ ၁၅ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်သည်။ "ဒါဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တစ်တန်ကို ရင်းဂစ် ၃,၀၀၀ ကနေ ရင်းဂစ် ၂,၈၀၀ ကို လျှော့ချခဲ့ပြီးနောက် ဒုတိယအကြိမ် ဈေးနှုန်းလျှော့ချခြင်း ဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
| 11 | 0 | 0 | 0 |


