ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE. FALLS) သို့ ဝင်ရောက်လာသည့် ဂဲလောင်ချောင်းရေကို သဘာဝနည်းဖြင့် သန့်စင်အောင် ဆောင်ရွက်ရာတွင် အဆင့် (၃) ဆင့်ဖြင့် ရေစစ်ကန်စနစ် တပ်ဆင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ထိုစနစ်သည် သဘာဝကျသော သဲ၊ ကျောက်၊ သစ်ဖုနှင့် အပင်မျိုးစုံတို့ကို အသုံးပြု၍ ရေထဲရှိ အညစ်အကြေးများအား ဆင့်ကဲစွာ ဖယ်ရှားသန့်စင်သွားစေသော နည်းစနစ်ဖြစ်ပြီး၊ သုံးစွဲသူအတွက်လည်း လုံခြုံမှုရှိစေရန် ရည်ရွယ်ထားသည်။အဆိုပါစီမံကိန်းသည် သဘာဝအပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိစေရန်နှင့် BE. FALLS အပန်းဖြေဧရိယာသို့ ဝင်ရောက်လာသူများအတွက် သန့်ရှင်းလတ်ဆတ်သောရေသုံးစွဲခွင့် ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။



