back

ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကေလာဘုန်းတော်ကြီးကျောင်းနှင့် ဖောင်တော်ဦးဘုရားတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

May 15 • 1:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကေလာဘုန်းတော်ကြီးကျောင်းနှင့် ဖောင်တော်ဦးဘုရားတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးရှိသော ကေလာဘုန်းတော်ကြီးကျောင်း ...

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးရှိသော ကေလာဘုန်းတော်ကြီးကျောင်း နှင့် အင်းလေးဖောင်တော်ဦးဘုရား တို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယခုအချိန်တွင် တဖြည်းဖြည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ဤလုပ်ငန်းများတွင် သမိုင်းဝင်သက်တမ်းရှိသည့် သစ်သားဖွဲ့စည်းပုံများ၊ ကျောက်ယာများနှင့် ပန်းထုလက်ရာများကို မူရင်းပုံစံအတိုင်း ထိန်းသိမ်းပြုပြင်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်နေကြသည်။ထိုသို့ ပြုပြင်မှုများသည် ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်များအတွက် ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် အရေးကြီးသောအဆင့်ဖြစ်ပြီး၊ ဒေသခံများအနေဖြင့်လည်း ယုံကြည်မှုနှင့် ဝိုင်းဝန်းအားဖြည့်ကူညီနေကြသည်။


news-view-count-icon

9