back

မန္တလေးတိုင်းဒေသကြီးရှိ ယဉ်ကျေးမှုနယ်မြေ (၁၁)နေရာအား အပိုင်း(၂)ခွဲ၍ ပြန်လည်ပြုပြင်မည်

May 15 • 1:39 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီးရှိ ယဉ်ကျေးမှုနယ်မြေ (၁၁)နေရာအား အပိုင်း(၂)ခွဲ၍ ပြန်လည်ပြုပြင်မည်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုနယ်မြေစုစုပေါင်း (၁၁)နေရာကို အပိုင်း (၂) ...

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုနယ်မြေစုစုပေါင်း (၁၁)နေရာကို အပိုင်း (၂) ပိုင်းခွဲကာ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရှိရသည်။ပထမပိုင်းတွင် ထိခိုက်မှုအရှိဆုံးဖြစ်သော နေရာများအရေးပေါ်ပြုပြင်မည်ဖြစ်ပြီး၊ ဒုတိယပိုင်းအနေဖြင့် ကျန်ရှိနေသည့် နယ်မြေများကို အဆင့်လိုက်အခြေခံ၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြုပြင်သွားမည်ဟု ဆိုသည်။ယဉ်ကျေးမှုနယ်မြေများအနက် မဟာအောင်မြေသာစံဘုရားကြီး၊ မဟာနန္ဒာဘုရား၊ ကျောင်းတိုက်ဟောင်းများနှင့် သမိုင်းဝင်ကျောက်စာကျောက်ဖြူတို့ပါဝင်ပြီး ပျက်စီးမှုအခြေအနေအပေါ်မူတည်၍ ခန့်မှန်းသုံးစွဲမှု၊ လက်ရာပုံစံမူရင်းများအတိုင်း ပြုပြင်ရန်ကြိုးပမ်းသွားမည်ဖြစ်သည်။


news-view-count-icon

10