back

ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် မသန်စွမ်းသူ (၈၀၀)ဦးကျော်အတွက် ရွှေမင်းသားဖောင်ဒေးရှင်းက အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

May 14 • 11:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် မသန်စွမ်းသူ (၈၀၀)ဦးကျော်အတွက် ရွှေမင်းသားဖောင်ဒေးရှင်းက အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် မသန်စွမ်းသူ(၈၅၀)ဦးအတွက် ကမုတ်ခုံ၊ ဂျိုင်းထောက်အပါအဝင် အခြားအထောက်အကူပြု ပစ္စည်းကိရိယာများအား ရွှေမင်းသားဖောင်ဒေးရှင်းက ထောက်ပံ့ပေး...

ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် မသန်စွမ်းသူ(၈၅၀)ဦးအတွက် ကမုတ်ခုံ၊ ဂျိုင်းထောက်အပါအဝင် အခြားအထောက်အကူပြု ပစ္စည်းကိရိယာများအား ရွှေမင်းသားဖောင်ဒေးရှင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ရွှေမင်းသားဖောင်ဒေးရှင်းသည် မသန်စွမ်းသူများအတွက် အလေးထားဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သော်လည်း ယခု ငလျင်ဘေးတွင် မသန်စွမ်းအိမ်ထောင်စုများအပါအဝင် ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့် ဒေသအသီးသီးရှိ အခြားသော အိမ်ထောင်စုများထံသို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခြင်းနှင့် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ အရေးပေါ် မိသားစုအသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးခြင်းနှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံ ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



news-view-count-icon

13