back

ကသာမြို့တွင် တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများလှိုင်လှိုင်ပေါ်၍ ဒေသခံပြည်သူများ အပိုဝင်ငွေရရှိ

May 14 • 11:31 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကသာမြို့တွင် တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများလှိုင်လှိုင်ပေါ်၍ ဒေသခံပြည်သူများ အပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်၍ စိုက်ပျိုးသူဒေသခံပြည်သ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်၍ စိုက်ပျိုးသူဒေသခံပြည်သူများအနေဖြင့် ဝင်ငွေတိုးပွား လျက်ရှိသည်။တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများသည် အသီးစတင်ပေါ်ချိန်တွင် အလုံး(၃၀)ပါတစ်တွဲကို ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး အသီးများလှိုင်လှိုင်ပေါသည့်အချိန်တွင် တစ်တွဲလျှင် ၁၅၀၀ ကျပ်နှုန်းသာ ရောင်းချရသည်။ အသီးပေါ်ချိန်သည် ရက်သတ္တ နှစ်ပတ်မှ သုံးပတ်အတွင်းသာ အချိန်တိုတောင်းသည့် အတွက် စားသုံးသူများအနေဖြင့် အသီးပေါ်ချိန်တွင် နှစ်ခြိုက်စွာဝယ်ယူစားသုံးကြသကဲ့သို့ ရပ်ဝေးမှ မိသားစုဝင်များ၊ မိတ်ဆွေများထံ လက်ဆောင်များပေးပို့ကြကြောင်း သိရသည်။




news-view-count-icon

15