back

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများ ဖမ်းဆီးရမိ

May 14 • 7:38 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများ ဖမ်းဆီးရမိ

မေလ ၁၃ ရက်နေ့ ၁၅နာရီ၃၀ မိနစ်အချိန်တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းစိန်မြို့...

မေလ ၁၃ ရက်နေ့ ၁၅နာရီ၃၀ မိနစ်အချိန်တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ ရွာမ(အနောက်)ရပ်ကွက်နေ မခင်လေးမြင့် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၆နာရီ၁၅ အချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ စိုးစိုး(ခ)ရခိုင် အား ၎င်းနေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မခင်လေးမြင့်(၅၃)နှစ် နှင့် စိုးစိုး(ခ)ရခိုင်(၄၄)နှစ်တို့အား အင်းစိန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

22