back

စစ်ကိုင်းမြို့တွင် ငွေကျပ်သိန်း ၁,၀၅၀ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနဲ့အတူ တရားခံများဖမ်းဆီးရမိခဲ့

May 14 • 7:37 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းမြို့တွင် ငွေကျပ်သိန်း ၁,၀၅၀ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနဲ့အတူ တရားခံများဖမ်းဆီးရမိခဲ့

မေလ ၁၂ ရက်နေ့ ၀၉နာရီ၅၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တကောင်းရ...

မေလ ၁၂ ရက်နေ့ ၀၉နာရီ၅၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မင်းမော်ဟိန်း မောင်းနှင်ပြီး သိန်းဇော် လိုက်ပါလာသည့် LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၇၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၀၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းမော်ဟိန်း(၂၁)နှစ် နှင့် သိန်းဇော်(၂၉)နှစ်တို့အား စစ်ကိုင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

28