ဂျပန်နိုင်ငံ၏ ဆန်ဈေးသည် ၁၈ ပတ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ ကီလိုဂရမ်လျှင် ၄,၂၁၄ ယန်းသို့ ကျဆင်းခဲ့သည်။အစိုးရက သိုလှောင်ထားသော အရန်ဆန်များ ထုတ်ရောင်းပေးနေခြင်းသည် ဈေးကွက်အတွင်း သက်ရောက်မှု စတင်ဖြစ်ပေါ်လာပြီဟု ယူဆရသည်။စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ဒေတာအရ မေလ ၄ ရက်အထိ တပတ်တာအတွင်း နိုင်ငံတစ်ဝှမ်းရှိ စူပါမားကတ်များတွင် ရောင်းချသည့် ဆန်ဈေးသည် ယခင်အပတ်ကထက် ၅ ကီလိုလျှင် ၁၉ ယန်း ကျဆင်းခဲ့သည်။သို့သော် ယမန်နှစ် ဈေးနှုန်း၏ ၂ ဆ ဝန်းကျင်တွင် ရှိနေဆဲ ဖြစ်သည်။အစိုးရ ထုတ်ရောင်းပေးသည့် အရန်ဆန်များကို အမျိုးသား စိုက်ပျိုးရေးသမဝါယမအသင်းများအဖွဲ့ချုပ်မှ တာဝန်ယူပြီး ဈေးကွက်ထဲ ဖြန့်ဖြူးပေးသည်။
| 16 | 0 | 0 | 0 |


