ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မေ၁၃ရက်နေ့တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုကို ပိုမိုရရှိရန် တောင်းဆိုခဲ့သည်။ဂျာမနီနိုင်ငံ၊ ဘယ်လင်မြို့၌ ပြုလုပ်သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဝန်ကြီးအဆင့်အစည်းအဝေး ၂၀၂၅ သို့ အမှာစကား ပြောကြားရာတွင် ဂူတာရက်စ် က ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ၌ နိုင်ငံအများအပြားကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ချီးကျူးဂုဏ်ပြုခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းမှုများသည် "ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ နိုင်ငံများကို ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး အတွက် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု အရှိဆုံး သင်္ကေတဖြစ်သည်" ဟု ပြောကြားခဲ့သည်။အတွင်းရေးမှူးချုပ်က ဆယ်စုနှစ်များတစ်လျှောက် ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၄,၄၀၀ သည် တာဝန် ထမ်းဆောင်စဉ် ကျဆုံးခဲ့ကြောင်းကိုလည်း မှတ်ချက်ပြုခဲ့သည်။
May 14 • 6:16 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


