back

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နေအိမ်မီးလောင်၍စိတ်မနှံ့သည့် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား

May 14 • 4:31 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နေအိမ်မီးလောင်၍စိတ်မနှံ့သည့် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာတွင် နေအိမ်မီးလောင်သောကြောင့် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး မီးလောင်၍ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ယနေ့မေလ ၁၄ ရက် နံန...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာတွင် နေအိမ်မီးလောင်သောကြောင့် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး မီးလောင်၍ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ယနေ့မေလ ၁၄ ရက် နံနက် ၃ နာရီ ၃၀ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း အနီးအနားရှိနေအိမ်များမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(သံဖြူဇရပ်မြို့နယ်) နှင့်အတူ စေတနာရှင်လူမှုကယ်ဆယ်ရေးသင်းတို့သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်၍သေဆုံးသည့် ရုပ်အလောင်းကို သံဖြူဇရပ်မြို့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ထိုမီးလောင်သေဆုံးသည့် အမျိုးသားမှာ အသက်(၂၇) နှစ်ရှိပြီး ၊ ယင်းမီးလောင်မှုနှင့်ပက်သတ်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။


news-view-count-icon

38