ပြီးခဲ့တဲ့ မတ်လ၂၈ မြန်မာနိုင်ငံငလျင်ကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ပြိုကျခဲ့သော ဘန်ကောက်မြို့ရှိ ဆောက်လက်စ အထပ်၃၀ အဆောက်အအုံတွင် ရှာဖွေရေး လုပ်ငန်းကို ထိုင်းအာဏာပိုင်များက တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ဟာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး ကီလိုမီတာ ၁၂၀၀ ကျော်အကွာကို ဗဟိုပြုပြီး ဘန်ကောက်မြို့မှာ လူ ၉၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုကတော့ ပြိုကျတဲ့နေရာတွေမှာသေဆုံးကြတာများပါတယ်။အပျက်အစီးများမှ ရုပ်အလောင်း ရှစ်ဆယ့်ကိုးလောင်းကို ဆယ်ယူရရှိထားပြီး လူခုနစ်ဦးကို စာရင်းမပြုစုရသေးကြောင်း တာဝန်ရှိသူများက ပြောသည်။



