ဂါဇာ ကမ်းမြှောင်ဒေသမှာ ဆေးရုံတစ်ခုကို ဗုံးကြဲခဲ့ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပြီး ဆေးရုံရဲ့ အောက်မှာ လျှို့ဝှက် တည်ဆောက်ထားတဲ့ ဟားမားစ် စစ်ရေးကွပ်ကဲမှု ဌာန တစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။မေလ ၁၃ ရက်နေ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အသေအပျောက်ဟာ ၂၈ ဦးထိ များပြားခဲ့ကြောင်း ဆိုပါတယ်။အစ္စရေးစစ်တပ်က ဆေးရုံအောက်မှာ ရှိနေတဲ့ ဟားမားစ် လျှို့ဝှက်စခန်းကို ဗုံးကြဲခဲ့တာလို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာပါဘူး။ ဒါပေမဲ့ နီးစပ်သူတွေကတော့ အစ္စရေးရဲ့ ပစ်မှတ်ဟာ ဟားမားစ်အဖွဲ့ကို ဦးဆောင်နေသူ မိုဟာမက် ဆင်ဝါ ဖြစ်တယ်လို့ သိရပါတယ်။
May 14 • 4:16 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


