ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့တွင် လူအုပ်စုဖြင့် အနိုင်ကျင့်ထိုးကြိတ်ခဲ့သည့် ထိုင်းအမျိုးသားရေးအဖွဲ့ကို နစ်နာသူ ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမား ၂ ဦးက သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။အဆိုပါ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးသည် ပြီးခဲ့သည့် မေလ ၁၁ ရက် ညနေ ၄ နာရီအချိန်ခန့်က စမွတ်ပရာကန်မြို့၊ ကုန်တိုက်တစ်ခုအတွင်းရှိ အအေးဆိုင် ရှေ့တွင် ထိုင်နေစဉ် ထိုင်းအမျိုးသားရေးအဖွဲ့ ရောက်ရှိလာပြီး "မင့်တို့က BK ကမ္ဘောဒီးယားဂိုဏ်းကလား" ဟု ပြောဆိုကာ အနိုင်ကျင့် ထိုးကြိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ထိုင်းအမျိုးသားရေးအဖွဲ့၏ အနိုင်ကျင့် ထိုးကြိတ်ခံခဲ့ရသည် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးသည် ညီအကိုတော်စပ်သူများဖြစ်ပြီး စမွတ်ပရာကန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမား ၂ ဦးကို အနိုင်ကျင့်ထိုးကြိတ်ခဲ့သည့် ထိုင်းအမျိုးသားရေးအဖွဲ့အား အမှုဖွင့်တိုင်ကြား
May 14 • 4:09 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


