ပြည်တွင်း၌မိုးဦးကျမှမိုးရာသီတစ်လျှောက်ဖြစ်ပွားနိုင်တဲ့ သွေးလွန်တုပ်ကွေးအပါအဝင် ရောဂါ(၃) မျိုးမကူးစက်အောင်နေထိုင်ဖို့ကျန်းမာရေးသတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။သွေးလွန်တုပ်ကွေး ကူးစက်ခံရခြင်းဟာ ခြင်ကျားကိုက်ခံရခြင်းကြောင့်ဖြစ်လို့ ခြင်ကိုက်မခံရအောင် ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ခြင်နှိမ်နင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ပြုလုပ်ဖို့ သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားပြီးရေမသန့်ခြင်း၊ အစားအစာမသန့်ခြင်း၊ လက်မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်း ခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်စေနိုင်လို့ သန့်ရှင်းသောရေကိုသာ သောက်သုံးခြင်း၊ ယင်နားစာများကိုရှောင်ကြဉ်၍ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးသန့်ရှင်းသော အစားအစာကိုသာစားခြင်း၊ အစာမစားမီနှင့် အိမ်သာအထွက်တို့တွင် လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း၊ ပတ်ဝန်းကျင်၌ ခြင်၊ ယင်၊ ကြွက်တို့မခိုအောင်းနိုင်စေရန် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ရန် အသိပေးထားပါတယ်။မိုးရာသီမှာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တဲ့ ရာသီတုပ်ကွေးကိုလည်း ဂရုပြုကြရမှာဖြစ်ပြီး Mask တပ်ဆင်ခြင်း၊ နှာချေချောင်းဆိုးပါက နှာခေါင်းနှင့်ပါးစပ်ကို လုံအောင်အုပ်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာမကြာဆေးကြောခြင်း၊ လူထူထပ်သည့်နေရာတွေကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ကြရမှာဖြစ်ပါတယ်။အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်းကိုဗစ်ရောဂါကူးစက်မှုတွေလည်းရှိနေသဖြင့် ကိုဗစ်ကူးစက်မှု မရှိအောင် ဆောင်ရွက်ထားဖို့လည်း လိုအပ်တယ်လို့သိရပါတယ်။
ပြည်တွင်း၌ မိုးဦးကျမှမိုးရာသီတစ်လျှောက်ဖြစ်ပွားနိုင်သည့်ရောဂါ(၃)မျိုးမကူးစက်အောင်နေထိုင်ရန်ကျန်းမာရေးသတိပေးချက်ထုတ်ပြန်
May 14 • 3:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


