back

ဆော်ဒီကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး လက်နက်တွေ ရောင်းဖို့ ထရမ့်ရဲ့ ခရီးစဉ်မှာ သဘောတူညီမှု ရရှိ

May 14 • 3:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆော်ဒီကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး လက်နက်တွေ ရောင်းဖို့ ထရမ့်ရဲ့ ခရီးစဉ်မှာ သဘောတူညီမှု ရရှိ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခ...

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ထရမ့်ရဲ့ ခရီးစဉ်ဟာ ဒေသတွင်း ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေနဲ့ အမေရိကန်ကြားက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး သဘောတူညီမှုတွေ ရယူဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဆော်ဒီရဲ့မြို့တော် ရီယက်ဒ်မှာတော့ ထရမ့်ဟာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ လက်နက် ရောင်းဝယ်ရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သလို စုစုပေါင်း ဒေါ်လာ ၁ ထရီလီယံလောက်ထိ များပြားနိုင်တဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ သဘောတူညီမှုတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။


news-view-count-icon

18