စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲကို မေလ (၁၂)ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းတွင် ကျင်းပသည်။အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲတွင် ဆိုင်ခန်းပေါင်း (၂၂)ခန်း ပါဝင်ပြသလျက်ရှိပြီး ငွေကျပ် (၅၉)သိန်း တန် အလျား ပေ(၂၀) အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲ အကျယ် ရှိ တန်ဖိုးသင့်နေအိမ်များ၊ ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်းများကို မေလ (၁ ၂) ရက်မှ (၁၆) ရက်အထိ စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းတွင် ဈေးနှုန်း ချိုသာစွာ ပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
May 13 • 12:56 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


