ယနေ့ မေလ ၁၃ ရက်နေ့ မနက်ပိုင်းက
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်က ဆိုင် ဝန်ထမ်းတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား ခဲ့ပါတယ်။ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ ရုပ်အလောင်းကို မြို့ခံလူမှုကူညီရေး အသင်းမှ လှိုင်သာယာဆေးရုံသို့ပို့ဆောင်ပေးထားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ကြိုးဆွဲချသေဆုံးခဲ့သူ အမျိုးသားမှာ အသက်(၂၂) နှစ်အရွယ် မောင်စိုင်းခမ်းဦး ဆိုသူဖြစ်ပြီး မည်သည့် အတွက်ကြောင့် မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးရတာလည်းဆိုတာကိုတော့ သိရှိရခြင်းမရှိသေးတာဘဲဖြစ်ပါတယ်။



