back

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ မြကန်သာထဲ၌ HONDA Dream ဆိုင်ကယ်တစ်စီး ခိုးခံရမှုဖြစ်ပွား

May 13 • 7:25 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ မြကန်သာထဲ၌ HONDA Dream ဆိုင်ကယ်တစ်စီး ခိုးခံရမှုဖြစ်ပွား

ယနေ့ မေလ ၁၃ ရက်နေ့ မနက်ပိုင်းတွင်တောင်ကြီးမြို့ပေါ်ရှိ မြကန်သာထဲတွင် မနက် ၁၀ နာရီ ဝန်းကျင် ခန့်တွင် ဒေသခံတစ်ဦး ဆိုင်ကယ် ရပ်ထားသည့်ကို ခိုးခံရကြောင်း ဒေသခံထံမှသ...

ယနေ့ မေလ ၁၃ ရက်နေ့ မနက်ပိုင်းတွင်

တောင်ကြီးမြို့ပေါ်ရှိ မြကန်သာထဲတွင် မနက် ၁၀ နာရီ ဝန်းကျင် ခန့်တွင် ဒေသခံတစ်ဦး ဆိုင်ကယ် ရပ်ထားသည့်ကို ခိုးခံရကြောင်း ဒေသခံထံမှသိရပါတယ်။မြကန်သာ အဝင်ပေါက်နှင့်နီးစပ်ရာ CCTV ကို ကြည့်ချိန်တွင် မသင်္ကာသူဦးလေးတစ်ယောက်ကို တွေ့ရှိရကာကာဗာနန်းတော် CCTV တောင်းကြည့်တဲ့အခါကြတော့လည်း ဆိုင်ကကော်တွေနဲ့ ဆိုတော့ ကောင်းကောင်းမမြင်ရဘူး၊ အဲ့တာ စက်သော့လည်းခတ်ခဲ့တယ် တစ်နာရီ ကြာတော့ မရှိတော့ဘူး၊ CCTV ပြန်ကြည့်ခါတော့လည်း သေချာလားမသေချာလာမသိဘူးပေါ့နော် အဲ့ဦးလေးကတော့ဝဲလည်ဝဲလည် လုပ်နေတာတော့တွေ့တယ်”ဟု ၎င်း ကဆက်ပြောပါတယ်။ပြီးခဲ့သည် ဧပြီလတွင်လည်း နေ့ခင်းကြောင်တောင် အမျိုးသမီးကြီးတစ်ဦး ထံမှ ဆိုင်ကယ်ဝင်ရောက် လုယူကာ မောင်းထွက်ပြေးသွားခဲ့သလိုတောင်ကြီးမြို့တွင် နေ့စဉ်မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု ဖြစ်ပွားနေပြီး ၊ ခိုးယူခြင်း ခံရသောမော်တော်ဆိုင်ကယ်များ ပြန်လည်ရရှိမှုနည်းပါးကြောင်း သိရပါတယ်။

news-view-count-icon

54