နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့်အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက နေပြည်တော်ကောင်စီရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့် ထောက်ပံ့ငွေကျပ်(၃၄၂၀) သိန်းအား နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။



