စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ဆုရရှိသူများအား တစ်သက်တာစာပေဆုအတွက် ငွေကျပ်သိန်း(၃၀)နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီချီးမြှင့်မည်ဖြစ်၍ ဆုရရှိသူများအနေဖြင့် စွယ်စုံမီဒီယာဂရု(ပ်) ဖုန်း ဝ၁-၃၈၅၂၉၃၊ ၀၁-၃၉၂၇၃၉၊ ၀၁-၃၇၄၄၀ဝ တိုသိုဆက်သွယ်အကြောင်းကြားကြရန် အသိပေးခဲ့သည်။



