မေလ (၁၀) ရက် (စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ် အက်သလက်တီကို (၄-၀) ဆိုစီဒက်ပွဲ၌ အက်သလက်တီကိုတိုက်စစ်မှူး ဆော်လော့ချ်သည် ပွဲချိန် (၇) မိနစ်၊ (၁၀) မိနစ်၊ (၁၁) မိနစ်နှင့် (၃၀) မိနစ်တို့တွင် အသင်းအတွက် (၄) ဂိုးစလုံးကို သွင်းယူခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ဆော်လော့ချ်သည် (၃) မိနစ်နှင့် (၄၇) စက္ကန့်အတွင်း ဟက်ထရစ် (၃ ဂိုး) သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းမှာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဟက်ထရစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။



