စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့၊တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လဟယ်မြို့နယ်နာဂ စာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော နာဂတစ်မျိုးသားလုံး၏ ဘုံဘာသာစားဖြစ်သော အခြေခံ နာဂမစ် ဘာသာစကား သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန် လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ပါသည်။အဆိုပါသင်တန်းကို(၁၂-၅-၂၀၂၅)မှ(၃၁-၅-၂၀၂၅)ရက်နေ့အထိကျောင်းသား/သူ(၅၈)ဦး၊ဌာနဆိုင်ရာ၀န်ထမ်းနှင့်အရပ်ဖက်ဘက် အဖွဲမှ(၅၆)ဦးစုစုပေါင်းသင်တန်း သား/သူ(၁၀၄)ဦးကို မနက်ပိုင်း/ညနေပိုင်း တစ်ရက်လျှင်(၂)ချိန်ခွဲပြီး သင်တန်းနည်းပြဆရာ(၄)ဦးက သင်ကြားပို့ချပေးသွာမည်ဖြစ်ကြောင်းသိရသည်။



