back

ဖောင်းပြင်မြို့တွင်နွေရာသီ English Grammer သင်တန်းဖွင့်လှစ်သင်ကြားပေးလျှက်ရှိ

May 12 • 2:07 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ဖောင်းပြင်မြို့တွင်နွေရာသီ English Grammer သင်တန်းဖွင့်လှစ်သင်ကြားပေးလျှက်ရှိ

ဖောင်းပြင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်း သားလူငယ်များနွေရာသီကျောင်းပိတ်ရက်ရှည်တွင်အချိန်ကိုအကျိုးရှိစွာအသုံး...

ဖောင်းပြင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်း သားလူငယ်များနွေရာသီကျောင်းပိတ်ရက်ရှည်တွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာစေရန်ရည်ရွယ်ပြီးနွေရာသီ English Grammer သင်တန်းကိုမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ဧပြီလ(၂၃)ရက်နေ့မှစတင်၍နေ့လည်(၁၂)နာရီမှ(၂)နာရီအချိန်ထိသင်ကြားပို့ချလျှက်ရှိကြောင်းသိရသည်။နွေရာသီEnglish Grammerသင်တန်းကိုဆရာ(၂)ဦးမှပညာဒါနအဖြစ်သင်ကြားပေးလျှက်ရှိပြီးကျောင်း သား၊ကျောင်းသူ(၇၅)ဦးတက်ရောက်ကာသင်တန်းကာလမှာမေလ(၂၃)ရက်နေ့အထိဖြစ်ကြောင်းသိရသည်။



news-view-count-icon

17