ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင်မေလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ကျော်ဇင်ဦး မောင်းနှင်ပြီး မမွန်မွန်ငြိမ်း လိုက်ပါလာသည့် မစ်ဆုဘီရှိ ဖူဆို ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့သည်။ထိုသို့ ရှာဖွေရာတွင် ယာဉ်ပေါ်မှ ကာလတန်ဖိုးငွေ ကျပ် ၄ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။



