ငလျင်ရန်ပုံငွေအဖြစ် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် မေလ ၁ဝ ရက်ညက ဖျော်ဖြေနေစဉ် ရုတ် တရက်လဲကျသွားသော သရုပ်ဆောင် ပိုင်သစ်မှာ လတ်တလော ဆေးကုသမှုခံယူနေကြောင်း ၎င်း၏မိခင်ဖြစ်သူမှ လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။ယခုအခါ သရုပ်ဆောင် ပိုင်သစ်သည် အောင်ရတနာဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေပြီး နှလုံးအားနည်းခြင်းကြောင့် ဖျော်ဖြေနေစဉ် ရုတ်တရက်လဲကျသွားခဲ့ခြင်းလည်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ဆိုထားကြသည်။



