ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ ဓာတ်ပုံပါ အသက်(၃၇)နှစ်အရွယ် ဝေလင်းနိုင် ဆိုသူ မှာ အသက်(၆၉)နှစ်အရွယ် ဒေါ်သန်းသန်းဌေးကို သတ်ဖြတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်ပါတယ်။ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် (၁၀၈)လမ်းရှိ တိုက်ခန်းတစ်ခုတွင် ဓားပြတိုက်လူသတ်မှု ကျူးလွန် ခဲ့သူဖြစ်တယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ ပြောကြားထားတာဖြစ်ပါတယ်။အဆိုပါလူသတ်တရားခံ ဝေလင်းနိုင်ဆိုသူအား တွေ့ရှိပါက အနီးစပ်ဆုံး သက်ဆိုင်ရာရဲဌာနများသို့ သတင်းပေးတိုင်ကြားပေးကြပါရန် မိသားစုဝင်တစ်ဦးက မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။



