ယနေ့ မေလ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြိုနယ် အောင်မင်္ဂလာလမ်းရှိ နေနန်းသုခ ကွန်ဒို (TGK Villa) တွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် အမျိုးသား ၁ ဦးကို လာရောက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ယနေ့ မေလ ၅ ရက်နေ့တွင် ရန်ကုန်အဝင် စစ်ဆေးရေးဂိတ်များ၌ အကြမ်းဖက်တပ်သားများ အစစ် အဆေး ကြမ်းနေပြီး ရန်ကုန်-ဧရာဝတီ ပန်တိုင်ဂိတ်၊ ရန်ကုန်-မန္တလေး ဇီးရိုးမိုင်ဂိတ်နဲ့ အမှတ် ၂ လမ်း ရွာသာကြီးတိုးဂိတ်တို့မှာ အစစ်အဆေးကြမ်းနေခြင်းဖြစ်ပါတယ်။ လူငယ်အရွယ်ပိုင်းများကို အဓိကထားကာ စစ်ဆေးနေခြင်းဖြစ်ပြီး မှတ်ပုံတင်၊ ဖုန်း၊ အိတ်များကို အသေးစိတ် လိုက်စစ်နေတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။



