တရုတ်ပြည်အကြီးဆုံးကုန်စည်ပြပွဲကြီးဖြစ်တဲ့ ကန်တုန်ပြပွဲမှာ အရုပ်မျိုးစုံမတင်နိုင်ကြသလို လာတဲ့ပရိသတ်လည်းနည်းပါးကာ ဝယ်သူမရှိကြပါဘူး။ အမေရိကန်ဝယ်လက်ဒီဇိုင်းနဲ့ ထုတ်ပေးထားတဲ့ နောက်ဆုံးပေါ်အရုပ်တွေကိုလည်း တရားဥပဒေနဲ့ မလွတ်ကင်းလို့ ထုတ်မရောင်းဝံ့ကြပါဘူး။ အမေရိကန်သမ္မတထရမ့်ကတော့ အမေရိကန်ကလေးသူငယ်တွေ အနေနဲ့ အရုပ်တွေ စျေးကြီးကာ၊ အရုပ်နည်းနည်းနဲ့လည်း ဆော့တတ်ဖို့ အကြံပြုထားပါသည်။



