back

ကွန်ဂိုနိုင်ငံဟာ စတားလင့်ခ် တရားဝင် လိုင်စင်ထုတ်ပေးတဲ့ အာဖရိက နိုင်ငံတနိုင်ငံ ဖြစ်လာ

May 05 • 3:27 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကွန်ဂိုနိုင်ငံဟာ စတားလင့်ခ် တရားဝင် လိုင်စင်ထုတ်ပေးတဲ့ အာဖရိက နိုင်ငံတနိုင်ငံ ဖြစ်လာ

အီလွန်မက်ခ်ရဲ့ စတားလင့်ခ် (Starlink) အင်တာနက်ကို အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံအစိုးရဟာ အခုအခါမှာတော့ အသုံးပြုခွင့် ပေးလိုက်တဲ့အတွက်...

အီလွန်မက်ခ်ရဲ့ စတားလင့်ခ် (Starlink) အင်တာနက်ကို အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံအစိုးရဟာ အခုအခါမှာတော့ အသုံးပြုခွင့် ပေးလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ ဂြိုလ်တုစနစ် အင်တာနက် နည်းပညာဟာ ကွန်ဂိုနိုင်ငံမှာ ရရှိတော့မှာ ဖြစ်ပါတယ်။ မက်ခ်ကတော့ ကွန်ဂိုအစိုးရနဲ့ သဘောတူညီချက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က X လူမှုကွန်ရက်မှာ ထုတ် ပြောခဲ့ပါတယ်။ ကွန်ဂိုအစိုးရဟာ ၂၀၂၄ ခုနှစ် မတ်လက စတားလင့်ခ် အသုံးပြုမှုကို ပိတ်ပင်ထားတယ်လို့အတိအလင်း အသိပေးခဲ့တာပါ။ အာဖရိကတိုက်မှာတော့ နိုင်ငံပေါင်း ၂၀ နီးပါး တရားဝင် ဝန်ဆောင်မှုတွေ ရရှိနေပြီလို့ စတားလင့်ခ်က ဆိုပါသည်။



news-view-count-icon

11