မေလ ၃ ရက်နေ့ ၁၇း၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ တည်းခိုခန်းအား ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ သက်နိုင်ထွန်း၊ မစုမြတ်ဖြိုး၊ မပုံဖြိုးဝေ(ခ)ဂျူးဂျူး တို့နှင့်အတူ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၉၂၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၂၅ သိန်း)၊ ကက်တမင်း အလေးချိန် ၂.၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ သိန်း)၊ အက်တက်စီဆေးပြား ၂ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ သိန်း)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မေလ ၄ ရက်နေ့ ၀၉း၄၅ အချိန် သက်နိုင်ထွန်း နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အက်တက်စီဆေးပြား ၃၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀)၊ ကက်တမင်း အလေးချိန် ၁၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅ သိန်း)နှင့် Happy Water အလေးချိန် ၃၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၅ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။



