back

ရန်ကုန်မြို့တွင် ဆိပ်ကမ်း ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် ခေါ်ယူနေသည့် တင်ဒါ (၁၁) ခု

May 05 • 11:11 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် ဆိပ်ကမ်း ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် ခေါ်ယူနေသည့် တင်ဒါ (၁၁) ခု

ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည့်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ တင်ဒါတင်...

ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည့်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ တင်ဒါတင်သွင်းနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ဗိုလ်တထောင်မြို့နယ်၊ ဗဟိုပစ္စည်းထိန်းဌာနဝင်းအတွင်းရှိ အလျား ၁၂၅' x အနံ ၃၆' x အမြင့် ၃၀' အရွယ် ဗဟိုပစ္စည်းထိန်းရုံး ပင်မရုံးအဆောက်အဦအား အကြီးစားပြုပြင် မွမ်းမံပေးခြင်း လုပ်ငန်း၊ရန်ကုန်တိုင်းဒေသကြီး၊ ဆူးလေဆိပ်ခံတံတားအမှတ် (၄) ရှိ Vertical Fender Line စုစုပေါင်း (၂၁) လိုင်းအား Rubber Fender များ အသစ်တပ်ဆင်ခြင်းလုပ်ငန်း၊ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ၁၂၀' x ၂၀' x ၆'-၆" အရွယ် ဆိပ်ခံဗော (၂) လုံးအား အကြီးစား ပြုပြင် မွမ်းမံခြင်း လုပ်ငန်း၊ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ၃၀' x ၂၀' x ၅'-၆" အရွယ် တံတားခံဗော (၂) လုံးနှင့် ၄ဝ' x ၂၀' x ၅'-၆" အရွယ် တံတားခံဗော (၁) လုံးတို့အား အကြီးစား ပြုပြင် မွမ်းမံခြင်း လုပ်ငန်း၊ ပန်းဆိုးတန်းဆိပ်ကမ်း နယ်မြေနှင့် ဗိုလ်တထောင်ဆိပ်ကမ်း နယ်မြေတို့ရှိ သံစည်ဖွဲ့ ဆိပ်ခံဗောတံတားများတွင် တပ်ဆင် အသုံးပြုလျက် ရှိသည့် ၄၀' x ၁၀' x ၅' အရွယ် သံစည်ဗောများအနက် သံစည်ဗော (၅) လုံးအား အကြီးစား ပြုပြင် မွမ်းမံခြင်း လုပ်ငန်း၊ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်း Weighbridge (၁) ခု ဆောက်လုပ် တပ်ဆင်ပေးခြင်း လုပ်ငန်း၊ Steel Sheet Pile များ အသုံးပြု၍ တည်ဆောက်ထားသော ဆိပ်ကြီး မြစ်ကြောင်းထိန်းတံတိုင်း အလျား ၄၀၀' အား ပြန်လည် အားဖြည့်ခြင်းလုပ်ငန်း ၊လမ်းမတော်ဆိပ်ကမ်းနယ်မြေ၊ ကမ်းနားဘက်ခြမ်းရှိ လူသွားစင်္ကြန် (Platform) အလျား ၂,၃၀၀ ပေအား ပြုပြင်၍ Concrete Block တုံးများ ခင်းပေးခြင်းနှင့် သံလက်ရမ်းတန်းများ ပြုလုပ် တပ်ဆင်ပေးခြင်း လုပ်ငန်း၊စဥ့်အိုးတန်းအမှတ် (၂) နှင့် ဆူးလေဆိပ်ကမ်းအမှတ် (၁) ကြားရှိ ပျက်စီးနေသည့် ကမ်းပါးထိန်းအလျား ၂၇၀' အား Bored Pile Foundation အသုံးပြု၍ R.C Beam နှင့် Gabion Box များဖြင့် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း၊ ဆူးလေဆိပ်ကမ်း တံတားဝင်းအတွင်းရှိ ဆိပ်ခံတံတားအမှတ် (၁၊ ၂) ၏ ဘေးကာ ခံတုံး ( Concrete Coping ) များ ပြုပြင်ခြင်းနှင့် ဆိပ်ခံတံတား၏ Apron များအား ကတ္တရာကွန်ကရစ် (AC) ဖြင့် ပြုပြင်ခြင်း လုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းဆိပ်ကမ်းရှိ (၁၂၀' x ၂၀') အရွယ် ဆိပ်ခံဗောအား အကြီးစား ပြုပြင်ခြင်း လုပ်ငန်းတို့ဖြစ်ပါသည်။တင်ဒါပုံစံများကို ဧပြီလ (၃၀) ရက်နေ့မှ စတင်၍ မေလ (၈) ရက်နေ့အထိ အမှတ်-၁၀၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ် တတိယထပ်၊ မြို့ပြအင်ဂျင်နီယာဌာနတွင် ဝယ်ယူနိုင်မည် ဖြစ်ပြီး မေလ (၁၅) ရက်၊ ကြာသပတေးနေ့ နေ့လည် (၁) နာရီအချိန်တွင် တင်ဒါဖွင့်လှစ်မည် ဖြစ်သည်။ 

 


news-view-count-icon

18