ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မေလ ၅ ရက်က တွဲကားများ၊ ကုန်တင်ကားနှင့် ကျောက် မီးသွေးတွဲကား များ ဖြတ်သန်းမောင်းနှင်ခွင့် ယာယီပေးထားကြောင်းသိရသည်။မိုးရွာချိန် တောင်ကြီးမြို့ရှောင်လမ်းတွင် လမ်းချော်ခြင်း ၊ အဆင်းရှည်ခြင်းကြောင့် ကုန်စည် တင် ဆောင် လာချိန် အလွန် အန္တရာယ်များကြောင်း ယာဉ်မောင်းသမား များက ဆိုသည်။မြို့တွင်း တွဲကားများပြန်လည်သွားလာခွင့်ပြုသည့်အတွက် အလွန်စည်ကားလာသည့်မြို့ပေါ် အန္တရယ် ရှိလာပြီးကာကြပ်ခြင်း၊လမ်းပိတ်ခြင်းများဖြစ်ပေါ် ကြောင်းသိရသည်။



