ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ် ၊ အင်းလေး မှော်ဘီ ဒေသရှိ ခရမ်းချဉ်သီးစိုက် တောင်သူ တချို့ခရမ်းချဉ်သီး အထွက်ကောင်းသော်လည်း စျေးမရှိသဖြင့်မခူးဘဲ အရှုံးခံနေရသည်။ ပြီးခဲ့သည့် လ ဧပြီလတွင် ခရမ်းချဉ်သီးတစ်ပိဿာ၂၀၀၊ ၃၀၀ ကျပ်သာ စျေးရှိပြီး ခရမ်းချဉ်သီး စျေးမကောင်းသဖြင့် မခူးဘဲ ဒီတိုင်းထားရကြောင်းနှင့် ယခုလ တွင် တစ်ပိဿ ၁,၀၀၀ မှ ၁,၅၀၀ ကျပ် အထိ ပေါက်စျေးရသော်လည်း အမှည့်လွန်ပြီး ခူးမရတော့ကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ပွဲရုံ၏ မေလ ၄ ရက်၏ ခရမ်းချဉ်စျေးမှာခရမ်းချဉ်ဂွတ်သီးတစ်ပိဿာ 1,700 ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာ 1,400 ကျပ်နှင့် ခရမ်းချဉ် အသေးသီး တစ်ပိဿာ 12,00 ကျပ် ဖြစ်ကြောင့်သိရသည်။



