မန္တလေး–မြစ်ကြီးနား လမ်းပေါ်ရှိ ပေကြီး–စပယ်နံ့သာ ကွင်းလမ်းအချို့တွင် မိုးရွာမှုကြောင့် ယာဉ်များခက်ခဲစွာ သွားလာနေရပြီး အတက်၊ အဆင်း ကုန်တင်ကားများ ပိတ်မိနေရကြောင်း သိရသည်။ လမ်းမကြီးမှ သွားလို့မရသည့်အတွက် ယာဉ်မောင်းများက ထွန်စက်ဈေးပေး၍ ဆွဲထုတ်ရသော်လည်း ကုန်ကျစရိတ်များကြီးပြီး များစွာအခက်အခဲဖြစ်ပေါ်နေကြောင်း ကုန်သည်နှင့် ယာဉ်မောင်းများက ပြောကြားထားသည်။



