မေလ၅ရက်နေ့ တွင် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦများ၌ မီးသတ်တပ်ဖွဲ့က ရုပ်အလောင်းများရှာဖွေဖယ်ရှားရာ (C) အဆောင်၊ အခန်း N-6 မှ တွေ့ရှိသော Passport တစ်အုပ်၊ စာရွက်စာတမ်းများနှင့် ငွေသားများကို ပိုင်ရှင်၏ ကိုယ်စားလှယ်ထံ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှ တာဝန်ယူ၍ တရားဝင်လွှဲပြောင်းအပ်နှံခဲ့သည်။



