back

ပြည်ပ ရုပ်ရှင်တွေကိုပါ အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်ပြော

May 05 • 2:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြည်ပ ရုပ်ရှင်တွေကိုပါ အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်ပြော

အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ ပြည်ပနိုင်ငံတွေက ထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဒေါ...

အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ ပြည်ပနိုင်ငံတွေက ထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။အမေရိကန်ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းနေတာကြောင့် ဒီလိုအခွန်ကောက်ခံမယ့် အစီအစဉ်ကို စတင်ဖို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ကို ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။အခြားနိုင်ငံတွေဟာ ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ စတူဒီယိုတွေကို ဆွဲဆောင်ဖို့ မက်လုံးပေးကမ်းလှမ်းနေကြတာဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုလို့ ထရန့်က ပြောပါတယ်။ အမေရိကန်ထုတ် ရုပ်ရှင်ကားတွေ ပိုမိုမြင်တွေ့လို့တယ်လို့ သူက ပြောပါတယ်။


news-view-count-icon

16