back

ဘိုင်ယန်မြူးနစ် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို သိမ်းပိုက်ရရှိ

May 05 • 2:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘိုင်ယန်မြူးနစ် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို သိမ်းပိုက်ရရှိ

၂၀၂၄-၂၅ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းသည် ဒုတိယနေရာမှ လေဗာကူဆင်အသင်း သရေသာရခဲ့သောကြောင့် လက်ကျန် နှစ်ပွဲအလိုမှာပင် ချန်ပီယံဆုကို ပြန်လည်သိမ်...

၂၀၂၄-၂၅ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းသည် ဒုတိယနေရာမှ လေဗာကူဆင်အသင်း သရေသာရခဲ့သောကြောင့် လက်ကျန် နှစ်ပွဲအလိုမှာပင် ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဘိုင်ယန်အနေဖြင့် ၃၂ ပွဲအပြီး ၇၆ မှတ်ရထားပြီး လေဗာကူဆင်အသင်း(၆၈ မှတ်)ကို ရှစ်မှတ်အထိ ဖြတ်ထားနိုင်ခဲ့သောကြောင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်အသင်းသည် ဘွန်ဒစ်လီဂါချန်ပီယံဆုကို ၃၄ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လာမည့်အပတ် အိမ်ကွင်းပွဲစဉ်တွင် ဆုဖလားလက်ခံရယူမည်ဟု ကြေညာခဲ့သည်။


news-view-count-icon

21