ဟောင်ကောင်အလွှာပေါင်းစုံမှ ကလေးလူငယ်များ လှုပ်ရှားမှု ကော်မတီသည် “တရုတ်ပြည်သူများ၏ ဂျပန်ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်စစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်မြင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် မေလ ၄ ရက် အလံတင် အခမ်းအနား ၂၀၂၅ကို Golden Bauhinia ရင်ပြင်တွင် ကျင်းပခဲ့သည်။ ဟောင်ကောင်ရှိ အဖွဲ့အစည်းအသီးသီးမှ ကလေးလူငယ် ကျောင်းသူကျောင်းသား ၁၂၀၀ ခန့် တက်ရောက် ကြည့်ရှုခဲ့ကြသည်ဟု သတင်းရရှိပါသည်။



