back

အိန္ဒိယနှင့် တင်းမာမှုများ မြင့်တက်နေချိန် ပါကစ္စတန်က ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်

May 05 • 2:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနှင့် တင်းမာမှုများ မြင့်တက်နေချိန် ပါကစ္စတန်က ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်

ပြီးခဲ့တဲ့လက အငြင်းပွား ကက်ရှ်မီးယားဒေသမှာ ခရီးသွားတွေကို သေစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ် သက်ပြီး အိန္ဒိယနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပါကစ္စတန်က ပဲ့ထိန်း...

ပြီးခဲ့တဲ့လက အငြင်းပွား ကက်ရှ်မီးယားဒေသမှာ ခရီးသွားတွေကို သေစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ် သက်ပြီး အိန္ဒိယနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပါကစ္စတန်က ပဲ့ထိန်းဒုံးကျည်ကို မေလ၃ရက်နေ့က စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိသည်။စမ်းသပ် ပစ်ခတ်ခဲ့သည့် ဒုံးကျည်မှာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ဖြစ်ပြီး အကွာအဝေး ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀ ခန့်)ထိ ပစ်ခတ်နိုင်ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။အပန်းဖြေစခန်းမြို့ ပါဟယ်လ်ဂမ်တွင် ဧပြီ ၂၂ ရက်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုအတွက် ပါကစ္စတန်ကို အပြစ်တင်သည့် အိန္ဒိယမှ ယခုစမ်းသပ်ပစ်လွှတ်မှုနှင့်ပတ်သက်၍ ချက်ခြင်းမှတ်ချက်ပေးခြင်း မရှိသော်လည်း ထိုသတ်ဖြတ်သည့် စွပ်စွဲချက်ကိုမူ ပါကစ္စတန်က ငြင်းဆိုထားသည်။


news-view-count-icon

17